Saturday 7 March 2009

အဲဒီနေရာမှာ....

အဲဒီနေရာမှာ
ကိုယ့်ကိုကိုယ်၊ ဆရာလို့သတ်မှတ်ထားတဲ့
ထောင်ထွက်တွေရှိတယ်
ဝရမ်းပြေးတွေရှိတယ်
သူခိုးတွေရှိတယ်
ကြောင်သူတော်ကြီးတွေရှိတယ်
အာဏာရှင်ကြီးတွေရှိတယ်

အဲဒီနေရာမှာ
အန်တီနှင့် ဒီမိုကရေစီကို
အကြောင်းပြ
ဗိုက်ဝနေသူတွေရှိတယ်
စားဖားကြီးတွေရှိတယ်
ဂျင်ပေါ်က ထုံးတွေရှိတယ်

အဲဒီနေရာမှာ
ဘ၀ရေဆန်လမ်း၊ မမောတမ်းကူးနေတဲ့
မြန်မာအလုပ်ကြမ်းသမားတွေရှိတယ်
နိုင်ငံမဲ့လူတန်းစားတွေရှိတယ်
မြေဇာပင်တွေရှိတယ်
အပယ်ခံတွေရှိတယ်

အဲဒီနေရာမှာ
စိတ်ကူးသစ်များ မဖြတ်သန်းရ
နယ်မြေရှိတယ်
မျက်မှန်စိမ်းတွေရှိတယ်
နောက်ကျောကိုဓါးနဲ့ထိုးမယ့်သူတွေရှိတယ်
ကျောက်ချထားတဲ့ အတွေးအခါ် သဘောင်္ကြီးတွေရှိတယ်

အဲဒီနေရာမှာ
ဝံပုလွေတွေရှိတယ်
မြွေဟောက်တွေရှိတယ်
မုန်ယိုနေတဲ့ လူဗိုက်ပူကြီးတွေရှိတယ်
ကျားအိုစဉ်းလဲတွေရှိတယ်
ဖားတပိုင်း ငါးတပိုင်းတွေရှိတယ်
မြက်နုကြိုက်တဲ့ နွားအိုကြီးတွေရှိတယ်

အဲဒီနေရာမှာ
ပုံပြောကောင်းသူတွေရှိတယ်
သရက်စေ့မျက်နာနဲ့ လူတွေရှိတယ်
ကျီးအာသီးတွေရှိတယ်
ပဒိုင်းသီးတွေရှိတယ်
လက်ခုတ်ပန်းတွေရှိတယ်

အဲဒီနေရာမှာ
ပါးစပ်ကဘုရားဘုရား
နိုက်ကလက်မှာ ကားယားကားယားဖြစ်နေတဲ့
မသူတော်ကြီးတွေရှိတယ်
ဦးနဲ့သမီး ဇာတ်လမ်းတွေရှိတယ်၊
တပည့်မတွေကို ညာလေးညာနဲ့ညာတဲ့
ဆရာဆိုတာတွေရှိတယ်

အဲဒီနေရာမှာ
အနားမညီတြိဂံတွေရှိတယ်
ဘဲဥပုံစက်ဝိုင်းတွေရှိတယ်
မျဉ်းကွေးမျဉ်းကောက်တွေရှိတယ်
ညီမျှခြင်းချမရတဲ့ လူ့အခွင့်အရေး ပုစ္ဆာတွေရှိတယ်
တဖက်စောင်းနေတဲ့ ချိန်ခွင်တွေလည်းရှိတယ်

အဲဒီနေရာမှာ
မျက်မမြင်တွေရှိတယ်
နားမကြားသူတွေရှိတယ်
စိတ်ဓါတ်ကင်ဆာဖြစ်နေသူတွေရှိတယ်
ဝက်သက်ပေါက်နေတဲ့သူတွေရှိတယ်
သူငယ်ပြန်နေသူတွေရှိတယ်
ကိုးမားဖြစ်နေသူတွေရှိတယ်

အဲဒီနေရာမှာ
အမဲလိုက်တော်တဲ့ မုဆိုးတွေရှိတယ်
ငါးပွက်ရာ ငါးစာချတဲ့ တံငါသည်တွေရှိတယ်
နှုတ်ကြမ်းအာကြမ်းနဲ့ ငါးစိမ်းသည်တွေရှိတယ်
ကမ္ဘာကျော် မျက်လှည့်ဆရာကြီးတွေရှိတယ်
ပုံတူကူးပန်းချီဆရာတွေရှိတယ်၊
ညီမျှခြင်း အချတော်တဲ့ သချာင်္ပညာရှင်တွေလည်းရှိတယ်
အော်စကာဆုရ သရုပ်ဆောင်ပညာသည်တွေလည်းရှိတယ်

အဲဒီနေရာမှာ
....................
....................
ရှိတယ်...........
ရှိတယ်...........
ရှိတယ်...........။



Sunday 22 February 2009

ယိုးဒယားရောက်မြန်မာတို့ရဲ့ဘဝ

























Sunday 4 May 2008

NGOတွေနေ၀င်ချိန်ရောက်တော့မှာလား

စက်တင်ဘာအရေးအခင်းကြီးဟာ ထိုင်းနိုင်ငံမှာအခြေပြုတဲ့နိုင်ငံရေးကိုအခြေခံတဲ့
NGOအဖွဲ့အစည်းများအပေါ် တော်တော်လေး ဂယက်ရိုက်စေခဲ့ပါတယ်။


စက်တင်ဘာတော်လှန်ရေးကြီးဖြစ်နေတုန်းကတော့ ဒီအရေးတော်ပုံကြီးဟာ
သေချာပေါက်အောင်မြင်မယ်လို့ယူဆထားသူတွေလည်းရှိကြပါတယ်။ထိုင်းနိုင်ငံက
နေပြီးတော့ဒီလူတွေစစ်သားတွေကို ပြန်ချပါလား၊ဘုန်းကြီးတွေ ဆက်ပြီးဘာလို့
ဆန္ဒမပြတာလဲ စသဖြင့်ဘေးကင်းရာကနေလေသေနတ်ပစ်နေသူတွေလည်းရှိပါရဲ့။
အဲဒီတုန်းကအမှတ်ထင်ထင် သတိရတာကဒီဖက်မှာတော်လှန်ရေးလုပ်နေတာကြာပြီဆိုတဲ့
လူတစ်ယောက်နှင့် ကျွန်တော် အငြင်းအခုန်ဖြစ်ကြတာကိုပါ။သူကဒီတော်လှန်ရေးကြီး
အောင်မြင်မယ်။ကျွန်တော်ကမအောင်မြင်ဘူးဆိုတာကိုငြင်းကြတာပါ။
ရလဒ်ကတော့စာဖတ်သူ သိတဲ့အတိုင်းပါပဲ။
ဒီအရေးတော်ပုံကြီးမအောင်မမြင်ဖြစ်ခဲ့တော့ထိုင်းနိုင်ငံအခြေစိုက်မြန်မာ့နိုင်ငံရေးဆိုင်ရာ
NGOအဖွဲ့တွေတော်တော်ကိုဒုက္ခရောက်ကုန်ကြပါတယ်။နှစ်စဉ်အသုံးစရိတ်တွေပေးနေတဲ့
အမေရိကန်နှင့်ဥရောပ၊ဂျပန်အစရှိတဲ့နိုင်ငံတွေကအဖွဲ့တွေက ဒီNGOတွေကို
ဘက်ဂျက်အသစ်ထပ်ချပေးဖို့လက်တွန့်ကုန်ပါတော့တယ်။
အကြောင်းကတော့စက်တင်ဘာတော်လှန်ရေးကြီးမှာထိုင်းနိုင်ငံအခြေစိုက်
မြန်မာNGOတွေဘာမှမကူညီပေးနိုင်ခဲ့ပါဘူး။ကန့်ကွက်စာ ၊သဘောထား
ထုတ်ပြန်ချက်တွေလောက်သာဆောင်ရွက်နိုင်ခဲ့တာပါ။နှစ်၂၀နီးပါး
ထောက်ပံ့လာခဲ့ပြီးတာတောင်မြန်မာ့နိုင်ငံရေးကဘာမှမပြောင်းလဲတော့
သူတို့လည်းစိတ်ပျက်ချင်တယ်ထင်ပါရဲ့။နောက်တစ်ခုကမြန်မာပြည်ပြုပြင်
ပြောင်းလဲရေးဆိုတာ မြန်မာနိုင်ငံထဲမှာရှိတဲ့ မြန်မာနိုင်ငံသားတွေကသာ
ထိရောက်အောင်ဆောင်ရွက်နိုင်တယ်ဆိုတာကိုသဘောပေါက်လာတာလည်း
ဖြစ်နိုင်ပါတယ်။အဖွဲ့အစည်းတစ်ခုကိုတစ်နှစ်အသုံးစရိတ်အောက်ထစ်
ဘတ်သန်း၃၀၀နီးပါးထောက်ပံ့ခဲ့တာပါ။ခုငွေလဲနှုန်းနှင့်ဆိုရင်
တစ်ဘတ်ကို ၃၇ကျပ်ဆိုတော့တွက်ကြည့်ကြပေါ့။
နောက်ပြီးထိုင်းနိုင်ငံမှာNGOတွေကများမှများ။ဒီလောက်ငွေတွေအကုန်ခံပြီး
ပြောင်းလဲမှုအတွက်လုပ်နေတာတောင်ဘာမှဖြစ်မလာတော့
NED(National Endowment for Democracy )အဖွဲ့ကြီးကလည်း
ဘတ်ဂျက်ပေးတာကိုစနစ်တကျလုပ်လာပါတော့တယ်။တစ်ချို့NGOတွေဆို
၂၀၀၉ခုနှစ်ထိပဲဘက်ဂျက်ရတော့မယ်လို့လည်းသိရတယ်။အရင်ကလိုပေါပေါသုံး၊
ပေါပေါမဖြုန်းနိုင်ကြတော့ပါဘူး။မြေပိုင်မဟုတ်ဘဲအဆောက်အဦးတွေဆောက်၊
မြေငှားတာနှစ်ပြည့်တော့ ထိုင်းလူမျိုးတွေဆီက တစ်ပြားတစ်ချပ်မှပြန်မရဘဲ
ဒီအဆောက်အဦးကြီးကိုဒီအတိုင်းထားခဲ့။ပိုက်ဆံတွေအလကားဖြစ်။
ခုတော့ဘာတွေဆက်လုပ်ကြမတုန်း။
နောက်တစ်ချက်က ထိုင်း-မြန်မာ နှစ်နိုင်ငံခေါင်းဆောင်များရဲ့ ဆက်ဆံရေးကလည်း
ဒီNGOတွေရဲ့ရပ်တည်ရေးမှာအများကြီးအရေးပါတယ်။မြန်မာအစိုးရနည်းနည်းလေး
ဝက်အူကြပ်ပေးလိုက်တာနှင့်လူတွေဖမ်း၊ကွန်ပြူတာတွေကိုစစ်နဲ့
ဆိုတော့ရှေ့လျှောက်ဒီခရီးကြမ်းကိုဘယ်လိုဖြတ်သန်းမလဲ။
ထိုင်းအစိုးရကလည်း မြန်မာခေါင်းဆောင်တွေနှင့်အဆင်မပြေရင်
ထိုင်းစီးပွားရေးကျဆင်းမှုဖြစ်တာကိုသိထားတော့ ဘယ်လိုပဲဖြစ်ဖြစ် သူကတော့
တည့်အောင်ပေါင်းမှာသေချာတယ်။
အချုပ်ပြောရရင်တော့ အနာဂတ်အတွက်NGOတွေစဉ်းစားဖို့လိုနေပါပြီ။စစ်အစိုးရကိုပဲ
ဝေဖန်အပြစ်တင်နေတာကိုခဏထားပြီးမိမိရဲ့အဖွဲ့အစည်းအတွင်းမှာလိုအပ်ချက်တွေ၊
ပြုပြင်စရာတွေကိုလုပ်ဆောင်ဖို့လိုလာပါပြီ။ခုလိုပဲ အချိန်တန်ရင်ဘက်ဂျက်လေး တင်၊
အလုပ်ကိုတာဝန်ကျေရုံလေးလုပ်၊တဇောက်ကန်းအတွေးအခေါ်နဲ့ကိုယ်ထင်ရာကိုယ်လုပ်၊
အဓိက နှင့်သာမညကိုမခွဲတတ် ခဲ့ရင်တော့ ထိုင်းနိုင်ငံအခြေစိုက်မြန်မာ နိုင်ငံရေးNGOတွေရဲ့
ရှေ့ရေး အတွက်ရင်လေးမိကြောင်းပါ...။

သင်ဘယ်လိုနိုင်ငံရေးသမားလဲ

သင်ဟာ အသက်၊သွေး၊ချွေး စတေးပြီး ခံယူချက်၊ယုံကြည်ချက် ခိုင်ခိုင်မာမာ နှင့်မြန်မာပြည် ဒီမိုကရေစီအရေးတော်ပုံ အောင်မြင်ရေးအတွက် နိုင်ငံရေးလုပ်နေတာလား။ဒါမှမဟုတ် ဒီလိုနိုင်ငံရေး သမားလား...


၁။စက္ကစုတ်နိုင်ငံရေးသမား

စစ်အစိုးရအားကန့်ကွက်စာ၊သဘောထားထုတ်ပြန်ကြေငြာချက်များသာထုတ်ပြန်ကြေငြာတတ်ပြီးဘာမှမလုပ်တတ်တဲ့နိုင်ငံရေးသမားလား။

၂။အာလူးဖုတ်နိုင်ငံရေးသမား

မိမိကိုယ်တိုင်ဘာမှလုပ်ဆောင်မှုမရှိသော်လည်းသူတပါးလုပ်ကိုင်ဆောင်ရွက်နေသည်ကိုဖေန်အပုတ်ချ၊အာလူးတွေဖုတ်ပြီး၊ ကိုယ်တိုင်ဘာမျှဟုတ်တိပတ်တိ မလုပ်တတ်တဲ့ နိုင်ငံရေးသမားလား။

၃။လက်ခေါက်မှုတ်နိုင်ငံရေးသမား

သူတစ်ပါးမှ အသက်သွေးချွေး ရင်းနှီး၍ တိုင်းပြည်ပြုပြင်ပြောင်းလဲရေးလုပ်နေခြင်းအား လက်ခေါက်မှုတ်သြဘာပေး ၊မိမိကိုယ်တိုင်က ဘေးကင်းရာမှာနေပြီး တိုင်းပြည်အတွက်ချွေးတစ်စက်မျှမထွက်ဘူးတဲ့နိုင်ငံရေးသမားလား။

၎။ပိုက်ဆံထုတ်နိုင်ငံရေးသမား

နိုင်ငံတကာအဖွဲ့အစည်းများ၊အနောက်နိုင်ငံများမှပေးအပ်သော အလှူငွေပိုက်ဆံများအား နိုင်ငံပြုပြင်ပြောင်းလဲရေးအတွက်အသုံးမချဘဲ မိမိ ပိုက်ဆံထုပ် ကြီးလာအောင်လုပ်ဆောင်ရန်သာ စိတ်ဝင်စားသော နိုင်ငံရေးသမားလား။

၅။ခွက်စောင်းခုတ်နိုင်ငံရေးသမား

နေရာရဖို့ ၊အာဏာရဖို့ ၊ပိုက်ဆံရဖို့ ရဲဘော်ရဲဘက်ချင်းမရှောင်၊တိုင်းပြည်မျက်နှာမထောက်ထား အချင်းချင်းခွက်စောင်းခုတ်ဖို့လောက်သာ စိတ်ဝင်စားသောနိုင်ငံရေးသမားလား။

၆။ကမြင်းရှုပ်နိုင်ငံရေးသမား

နိုင်ငံရေးကိုအယောင်ပြလုပ် ၊မိန်းမတွေတစ်ယောက်ပြီးတစ်ယောက်ယူ ၊ဖိုမရှုပ်ဖို့သာ လုပ်ဆောင်နေတဲ့ နိုင်ငံရေးသမားလား။

Followers

 

Copyright © 2009 by နေမင်းကြယ်စင်